AI နဲ့ လုပ်ထားတဲ့ content တွေကို Label တပ်ဖို့ Meta တိုက်တွန်း

The PRISM
1 min readMay 25, 2024

--

Image source by Meta

AI နည်းပညာထွန်းကားလာချိန်မှာတော့ အရင်က ခက်ခက်ခဲခဲ လုပ်နိုင်တာတွေက နောက်ပိုင်းမှာ အချိန်ကုန်သက်သာပြီး မြန်မြန်ဆန်ဆန်လုပ်နိုင်လာတာက တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ အကောင်းအဆိုးက ဒွန်တွဲဓမ္မတာ ဆိုသလိုပဲ အချို့သော လူတွေအဖို့ကတော့ ဒီအရာကို မကောင်းတဲ့ဘက်ကနေ သုံးစွဲလာတာကြောင့် နည်းပညာ အလှမ်းဝေးတဲ့သူတွေအတွက်ကတော့ ကြောက်စရာ အန္တရာယ်တစ်ခုလိုဖြစ်လို့လာပါတယ်။

ဒါကြောင့်မို့ Meta ကနေ သူရဲ့ product platform တွေဖြစ်တဲ့ Facebook, Instagram, Threads အစရှိတာတွေမှာ AI နည်းပညာသုံးပြီး ဖန်တီးထားတဲ့ ပုံများ၊ ဗီဒီယိုများ၊ အသံတီးလုံးများ အစရှိတာတွေကို တင်ဖို့ဆိုရင် “Meta with AI” ဆိုတဲ့ label ကိုဖွင့်တင်ဖို့ တိုက်တွန်းထားပါတယ်။ အကယ်၍ သုံးစွဲသူတွေဘက်က မတင်ဘူးဆိုရင် Meta ဘက်က AI detect လုပ်နိုင်တဲ့ system တွေနဲ့ မိခဲ့ရင်တော့ အလိုလျောက် label တပ်ပေးသွားမယ်လို့ ပြောထားပါတယ်။

Image source by Meta

အကယ်၍သာ မိမိရဲ့ business page သို့မဟုတ် personal account တွေကနေ “Meta with AI” ဆိုတဲ့ label ကို မတပ်ပဲ တင်ထားမိမယ်ဆိုရင် Meta AI indicator တွေက အလိုလျောက် label တပ်ပေးသွားမဲ့အပြင်ကို ပေးတဲ့ ပြစ်ဒဏ်တွေကိုပါ ခံရဦးမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ “Meta with AI” ဆိုတဲ့ label ကို ဖွင့်တင်စရာတော့မလိုသေးပါဘူး။ နောက်ပိုင်း Meta ဘက်ကနေ update ပေးလာရင်တော့ တင်ဖို့လိုအပ်ကြောင်းပါ တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ သတိထားစရာတစ်ခုက ဘယ်လိုအချိန်အနေမှာ “Meta with AI” ဆိုတဲ့ label ကိုဖွင့်တင်ဖို့ မလိုအပ်ဘူးလည်းဆိုရင် filter တွေနဲ့ ပြုပြင်ထားတဲ့ ပုံတွေ၊ AI နဲ့ ဖန်တီးထားတဲ့ လူပုံမဟုတ်တဲ့ ကာတွန်းများ၊ ရုပ်ပုံများကို edit လုပ်ထားခြင်း သို့မဟုတ် crop ထားခြင်း၊ တစ်စုံတစ်ယောက်က AI ဖြင့် ပေါင်းစပ် ဖန်တီးထားပြီး မူပိုင်ခွင့်ရှိပြီးသော တီးလုံးများ၊ ဗီဒီယိုများ အစရှိတာတွေကို ဝေမျှခြင်း (share) လုပ်တာဆိုရင်တော့ “Meta with AI” ဆိုတဲ့ label ကို ဖွင့်တင်စရာ မလိုအပ်ပါဘူးလို့ ပြောကြားထားပါတယ်။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

The PRISM
The PRISM

Written by The PRISM

0 Followers

Illuminate Your Brand with PRISM's Digital Magic

No responses yet

Write a response